Wednesday, March 9, 2016

ဒုသမ္မတလောင်းများ အမည်စာရင်းတင်သွင်း


 
NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော် အမျိုးသားလွှတ်တော်အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းတွေအဖြစ်အမည်စာရင်းတင်သွင်းပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်အတွက် လက်ရှိဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း။ အမျိုးသာလွှတ်တော်အတွက် အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

အလုပ်ခွင်တွင်း သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် လျော်ကြေးငွေ အမြန်ဆုံး ပြန်လည်ရရှိရေး MAT ကူညီမည်


သတင်း-မင်းဘခက်

ထိုင်းနိုင်ငံ ချာချင်ဆောင် ပဲလီယို-တလတ်ခေါ်ရီစွပ် ဈေးနား၂၄လမ်းရှိ ဆားကတ် အဟောင်းရောင်းဝယ်ရေးဆိုင်တွင် လွန်ခဲ့သော ၂လခန့်က အသက် ၂၁နှစ် အရွယ် မြန်မာ အလုပ်သမားတစ်ဦး အလုပ်ခွင် တွင်း သေဆုံးမှုကြောင့် အလုပ်ရှင်က သေဆုံးသူ၏ မိသားစုဝင်များ ကို လျော်ကြေးပေးမည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ ရွေ့ဆိုင်းနေ မှုကြောင့် အမြန်ဆုံး ရရှိရေးအတွက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အဖွဲ့(MAT)က ကူညီပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

ပဲခူးအထူးသတင်း

 
ဆေးအဆိပ်သင့်၍ပဲခူးဆေးရုံကြီးတွင်ကလေး၂၈ယောက်အနက်၃ဦးသေ၄ဦးအရေးပေါ်အခြေနေအဖြစ်ရန်ကင်း
ကလေးဆေးရုံမှလူနာတင်အထူးကားဖြင့်ယနေ့ညနေ၄နာရီ ကျော်ခန့်ကပို့ဆောင်လိုက်ရကြောင်းကျန်ကလေး
များကိုတော့နေပြည်တော်မှရောက်လာသောကလေးအထူးကုဆရာဝန်ကြီးကအနီးကပ်ပြုစုကုသပေးလျက်ရှိ
ပါကြောင်းသတင်းရရှိပါသည်။ဖြစ်ပွားပုံမှာ၎ရက်၅ရက်၆ရက်နေ့များတွင်မွေးဖွားသောကလေးငယ်များကို၇
ရက်နေ့ညနေပိုင်းကတာဝန်ကျနပ်စ်မများမှကလေးများကိုဘီပိုးကာကွယ်ဆေးထိုးရမည်လူနာရှင်များမှ၆၅၀၀
ကျပ်စီစု၍ကလေး၂၈ဦးအတွက်ဆေးသွားဝယ်ရန်လူနာရှင်များထဲမှပဲခူးမြို့ခံသားတစ်ယောက်ကိုမေတ္တာဦးဆေး
ဆိုင်သို့ဖုန်းဆက်ထားသည်အဲ့ဒီဆိုင်မှာဆေးသွားဝယ်ဟုပြော၍လူနာရှင်၂၈ဦး၏ကိုယ်စားသွားရောက်ဝယ်ယူစေ
ခဲ့ပါသည်၊ဆေးဝယ်ယူပြီး၁၀မီးနစ်ခန့်အကြာတွင်တာဝန်ကျဆရာမများကကလေးများကိုတဦးစီဆေးထိုးပေး
လိုက်ပါသည်ဝယ်ယူ၍ကလေးများကိုထိုးပေးလိုက်သောဆေးမှာBပိုးကာကွယ်ဆေးဟုသိရပါသည်

Friday, October 16, 2015

၁၉ လသား ရင်သွေး ငယ် ရောင်း ဖို့ ကြော်ငြာ တဲ့ အမေ

ရင်သွေးကိုရောင်းစားမယ့် အမေကို ရုံးထုတ် စစ်ဆေးခဲ့တဲ့ တောင်အာဖရိကနိုင်ငံ KwaZulu-Natal ခရိုင်။
 အသက် ၁၉ လသားအရွယ်သာ ရှိတဲ့ ကလေးငယ်လေးကို အင်တာနက်ပေါ် မှာ ရောင်းစား ဖို့ ကြံစည်မှုနဲ့ တောင်အာဖရိနိုင်ငံက အမျိုးသမီးတဦးကို လူမှောင်ခိုကူးမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ အသက် ၂၀ အရွယ် အမျိုးသမီးတဦးက Gumtree လို့ခေါ်တဲ့ အွန်လိုင်းပေါ်က ကြော်ငြာ ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ အမျိုးသား ကလေးငယ်လေးကို အမေရိကန်ဒေါ်လာ ၃၈၀ ကျော်နဲ့ ရောင်းချဖို့ ကြံစည်ခဲ့တာပါ။

ခက်ခက်ခဲခဲ ပြည်ပရောက် ကြိုတင်မဲ

မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံ သားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ခ်ျ
 မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင် မဲ ပေးနေကြရာမှာ အခက်အခဲ မျိုးစုံ နဲ့ ရင်ဆိုင်နေရတယ်လို့ စင်္ကာပူ နဲ့ တောင် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ စင်္ကာပူနဲ့ တောင် ကိုရီးယား နိုင်ငံတွေမှာ အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ အထိ ကြိုတင်မဲ ပေးခွင့်ပြု ထားပေမယ့် အချိန်လုံလောက်မှု မရှိဘူးလို့ ပြောကြ ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်း အောင်က တင်ပြပါမယ်။

Friday, May 22, 2015

လမ်းပြကြယ်ပါတီ နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရရှိ

 ပဲခူးမြို့အခြေဆိုက် ပါတီတစ်ခုဖြစ်သော လမ်းပြကြယ်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ခုနှစ်၊ မေလ(၂၀)ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်ခွင့်ပြုလိုက်
ပြီဖြစ်ကြောင်း ဦးအေးမြင့်(လမ်းပြကြယ်)၏ ပြောကြားချက်အရ သိရှိရသည်။

Wednesday, May 20, 2015

ပဲခူးတိုင်းဒေသကြီးဆည်မြောင်းဝန်ကြီးဌာနနှင့်အပြိုင် လွန်ဆွဲနေရသော က၀မြို့နယ်ရှိ လယ်သမား(၅)ဦး

ဘိုးဘွားမိဘများလက်ထက်မှစတင်၍ တရားဝင်အခွန်စည်းကြပ်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိခဲ့သော လယ်ယာမြေဧရိယာ (၄၀)ဧကကျော်ခန့်အား ပဲခူးတိုင်းဒေသကြီးဆည်းမြောင်းဝန်ကြီးဌာနပိုင် လယ်ယာမြေအဖြစ်
သက်မှတ်ခြင်းအပေါ် မူလလက်ငုတ်ပိုင်ရှင်များဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု၊ သမဲ့ချောင်းကျေးရွာ၊ ကွင်းအမှတ်(၁၀၆၈-င) အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဒေါ်တင်တင်ဦး ပါ
လယ်သမား(၅)ဦးမှ ၂၀၁၅ ခုနှစ်၊ မေလ(၁၃)ရက်နေ့တွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ထပ်မံတင်ပြတိုင်တန်းထားကြောင်း သိရှိရသည်။