ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
Monday, January 12, 2015
ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ
ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
Thursday, January 8, 2015
ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ကြိုးပေးသေဒဏ်ချမှတ်
![]() |
| သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ) |
၂၀၁၃ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းက တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ
ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ စောထွန်းထွန်းကို ဒီနေ့
ဇန်န၀ါရီ (၇)ရက်နေ့က တောင်ငူခရိုင် တရားရုံးမှာ ပြစ်မှု ဥပဒေ
ပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန်၊ဥပဒေပုဒ်မ-၃၂၆
အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ကျခံစေရန်၊ ပုဒ်မ-၃၂၄ အရ
ထောင်ဒဏ်(၂)နှစ်ကျခံစေရန် တောင်ငူခရိုင်ဒုတိယခရိုင်တရားသူကြီး(၂)က
အမိန့်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံှး တရားသူကြီးတဦးက DVBကို
ပြောကြားပါတယ်။
Tuesday, January 6, 2015
စည်ပင်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တချို့ ကျန်းသစ္စာကျိန်ဖို့ ဝန်လေး
ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေ နိုင်ငံ့
ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က
အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု
အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။ ပြည်သူက ရွေးချယ် လိုက်တဲ့
ကိုယ်စားလှယ်တွေ ဟာ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက် ဝန်ထမ်းအဖြစ်ကျမ်းကျိန်စရာ
မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်
မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က
တင်ပြပေးထားပါတယ်။
ကားတိုက်မိဟန်ဆောင်သူ များလာသည့်အတွက် ကားပိုင်ရှင်များ ကင်မရာ တပ်ဆင်လာကြ
မန္တလေး ဇန်နဝါရီ ၅
မန္တလေးမြို့တွင် ညနေခင်းနှင့် ညဦးပိုင်း အချိန်များ၌ ကားဖြင့် တိုက်မိသည်ဆိုကာ လျော်ကြေးငွေ ဟန်ဆောင် တောင်းသူ များပြားလာ သည့်အတွက် ကားပိုင်ရှင်များအနေ ဖြင့် ကင်မရာ တပ်ဆင်အသုံးပြုလာ ကြကြောင်းသိရသည်။
ကျောက်ခဲကို ဆီင်္ကြိတ်ခြင်း
ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားေ န့ဖြစ်ပါတယ်။ သတင်း အတော်များများ တို့မှာ ရွှေ့ပြောင်းအလုပ်သမားသတင်းဆိုင်ရာတွေ ခပ်စိပ်စိပ် တက်လာခဲ့တာကိုသတိပြုမိတယ်။ ဗီဇာအတုနဲ့ မလေးရှားကိုအပို့ခံခဲ့ရ လို့ ထောင်၎လကျပြီး ပြန်လာခဲ့တဲ့မြန်မာအလုပ်သမား
၄၅ဦး (ကျား၃၀ + မ၁၅) သတင်း၊ တရားဝင်ပြန်ခွင့်ပြုတာကို မလေးရှားအစိုးရက
ပိတ်ပင်လိုက်တာတွေ ကို တွေ့ရှိရပါ တယ်။ လူပို့ပွဲစားတွေ ပေါင်း ပြီး
ဖွဲထားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင် များအဖွဲ့
MOEAF က တစ်ခါ အလုပ် သမားတွေ ကိုစာရင်းကောက်ဖို့ ဘန်ကောက်
မြန်မာသံရုံးအနီးမှာ ဆက်သွယ်ရေးစင်တာတစ်ခု ဖွင့်လှစ်တဲ့ဆိုတဲ့ သတင်း
တွေတက်လာတယ်။အလုပ်သမားလေးသိန်း
လောက် ရှိတဲ့ မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ
အလုပ်သမား ပေါင်း လေးသိန်းလောက်ရှိတဲ့ အထဲ နေထိုင် ခွင့်ဘတ်ကဒ်လုပ်တာ
သောင်းကဏန်းသာရှိတယ် လို့သတင်း ဖတ်ရပြန်တယ်။
၁၄ နှစ်အရွယ် မြန်မာမိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည် မြန်မာလင်မယားအား ထိုင်းတရားရုံး စီရင်ချက်ချ
ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသတွင် အသက် ၁၄ နှစ်အရွယ် မြန်မာ မိန်းကလေး အား
အဓမ္မပြုကျင့်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း ၀န်ခံထားသည့် တရားခံ
မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ် ခဲ့သည် ။ ပြစ်မှုကျူး
လွန်ရာတွင် ကူညီပေးခဲ့သည့် တရားခံ၏ ဇနီးဖြစ်သူ မရီ ကိုလည်း ထောင်ဒဏ် ၃
နှစ်ချမှတ်ခဲ့သည်။ ကိုနိုင်နှင့် မရီဟု
ရဲတပ်ဖွဲ့က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ်ရှိကြောင်း ဖန်ငါရှိ တာကူပါ
စီရင်စု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ခူခက်ရဲစခန်းမှ အရာရှိ ပလီတာ ကန်ဆင်း
က အတည်ပြုခဲ့သည်။
Thursday, December 25, 2014
မင်းအုပ်စိုးထိုးကြိတ်ရာမှ လက်လွန်၍ မဂ္ဂဇင်းအယ်ဒီတာတစ်ဦး သေဆုံး
ရန်ကုန် - သရုပ်ဆောင် မင်းအုပ်စိုးသည် သရပါမဂ္ဂဇင်းမှ အယ်ဒီတာ မတေးနုရင်
(ခ) မနုနုရင်ကို ထိုးကြိတ်ရာမှ လက်လွန်သေဆုံးသွားသည့်အတွက် ၎င်းအား ဖမ်းဆီး၍
လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဗဟန်းမြို့နယ်
မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဝင်းက 7Day သို့ အတည်ပြုပြောကြားသည်။
Subscribe to:
Posts (Atom)






