Monday, June 2, 2014

နှစ်၅၀အတွင်း မြန်မာအလှမယ် အာရှသရဖူဆောင်း (ရုပ်/သံ)

  Miss Asia Pacific World 2014 အလှမယ် ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ မေမြတ်နိုးက အလှမယ် သရဖူဆုကို ဆွတ်ခူးသွားပါတယ်။ ခွန်ဘသာ တင်ဆက်။ DVB TV - 01.06.2014

ဘရုစလီပြောတဲ့ မှတ်သားဖွယ်ရာ စကားများ


(၁) အသိအပညာ ဗဟုသုတဆိုတာ သင့်ဘဝအတွက် အကောင်းဆုံး လက်နက်တွေပါပဲ။ အဲဒီဗဟုသုတတွေကို လေးစားလိုက်နာဖို့တော့ လိုတယ်။

မြတ်နိုးရဲ့အရည်အသွေးကြောင့် ဒီဆုရခဲ့တယ်လို့ ယုံကြည်ပါတယ်


နိုင်ငံတကာ အလှမယ် သရဖူတစ်ခုကို ပရိသတ်များ၏ အကူအညီမပါ ကိုယ်ပိုင် အရည်အချင်း အစွမ်းအစနှင့် အာရှပစိဖိတ် အလှမယ်ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရရှိသွားသည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ အလှမယ်များကို ကျော်ဖြတ်ကာ ဆုရရှိခဲ့သော မေမြတ်နိုးသည် နှစ်ပေါင်း ၅၀ကျော်အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် ပထမဆု ရရှိသော ပထမဆုံး အလှမယ်ဖြစ် လာသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြိုင်ပွဲဝင်စဉ် ကာလ တစ်လျှောက်ကလည်း ဒိုင်လူကြီးများ၏ ချီးကျူး ခံခဲ့ရပြီး ‘‘ဒိုင်အများစုက မေမြတ်နိုးသည် အပြုံးချိုချိုနှင့် ခန္ဓာကိုယ်အချိုးအစားမှာ နိုင်ငံတကာအဆင့်မီပြီး လှပဆွဲဆောင်မှုရှိကာ နိုင်ငံတကာနှင့် ကမ္ဘာ့စင်မြင့် များတွင် ၀င်ဆံ့နိုင်သည့် အလားအလာ ကောင်းသူဟု မှတ်ချက်ပြုခံခဲ့ရသည်။

ဇွန်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း


တနင်္ဂနွေသားသမီး ။ ။ လုပ်ငန်းတူလုပ်သူ (သို့ ) စပ်တူလုပ်သူကြောင့် လုပ်ငန်းများ အဆင်မပြေ ဖြစ်တတ်သည် .။ မင်းမှုထမ်း အလုပ် ငွေကြေး ကျောက် ကားလုပ်ငန်းများ ဆုံးရှုံးမှုများကြုံတွေ့ ရတတ်ပါ သည် ။ အမွေကိစ္စ မြေကိစ္စ စကားများရမည် ။ ငယ်ရွယ်သူ များ အချစ်ရေးကံ ကောင်းသော်လည်း လက်ထပ်ခွင့်မရနိုင် သေးပါ ။ မိမိနှင့်အတူတူအလုပ်လုပ်သူ၏ မနာလို ဂုံးချော စကားကြောင့် အထက်လူကြီး အထင်လွဲမည် ။ ဖခင်ကျမ္မာ ရေးဂရုစိုက်ပေးရန် လိုပါသည် ။ ၀မ်းဗိုက်နှင့်ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားရတတ်သည် ။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်


နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြု လုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။ ဇွန်လ ၁ ရက်နေ့က နေပြည်တော် ကောင်စီ နယ်မြေရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောနေချိန် ယင်းသို့ ကန့်ကွက် ဆန္ဒထုတ်ဖော်သည့် လူစုများ ထွက်ပေါ် လာကြောင်း၊ ယင်းအဖွဲ့များမှာ ဆန္ဒဖော်ထုတ်ခွင့် တရားဝင် လျှောက်ထားခြင်း မရှိကြောင်း နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအုပ် တစ်ဦးက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေး ငြိမ်းချမ်းစွာဖြေရှင်းပြီးဟုဆို

 















မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ၂ နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်း ပစ်ခတ်မှုဖြစ်စဉ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီးသွားပြီဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာ ၂ စောင်က ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့ တကွ ရေးသားဖော်ပြကြပါတယ်။ 

ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ

 
 ဓာတ်ပုံ- The Mirror
ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။