နွားထိုးကြီးမြို့နယ်၊လုံးတော ရွာ၌ ရဟန္တာကြေးသွန်းဘုရား တစ်ဆူ ဧပြီလဆန်းက ဆိုင်ကယ် ပေါ်တင်၍အခိုးခံလိုက်ရကြောင်း ဒေသခံရွာသူတစ်ဦးကပြောသည်။ အဆိုပါရဟန္တာမှာ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉဏ်ထွန်းအောင် ကိုးကွယ် ထားသော ဓမ္မာရုံမှ သော့နှစ်ထပ် ဖျက်၍ အခိုးခံရခြင်းဖြစ်သည်ဆို ၏။
Sunday, April 27, 2014
ပြည်ထောင်စုဝန်ကြီးဘုရား အလှူအပြီးခိုးခံရ
နွားထိုးကြီးမြို့နယ်၊လုံးတော ရွာ၌ ရဟန္တာကြေးသွန်းဘုရား တစ်ဆူ ဧပြီလဆန်းက ဆိုင်ကယ် ပေါ်တင်၍အခိုးခံလိုက်ရကြောင်း ဒေသခံရွာသူတစ်ဦးကပြောသည်။ အဆိုပါရဟန္တာမှာ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉဏ်ထွန်းအောင် ကိုးကွယ် ထားသော ဓမ္မာရုံမှ သော့နှစ်ထပ် ဖျက်၍ အခိုးခံရခြင်းဖြစ်သည်ဆို ၏။
“အခန်းပိတ်လှောင်ခံရခိုင်မိန်းကလေးငယ်တစ်ဦးအားကယ်ထုတ်”
၂၀၁၄ ဧပြီလ ၂၇| ကိုတီး
သုံးညနှင့်လေးရက် အခန်းတွင်းပိတ်လှောင်ခံခဲ့ရသည့် ရခိုင်အလုပ်သမတစ်ဦးအား ဘန်ကောက်မြို့တွင် MAT နှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ညနေက ကယ်ထုတ်နိုင်ခဲ့သည်။
သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတာကြောင့် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်
တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်
ဧပြီ(၂၇)၊ ၂၀၁၄ By ဒီဗွီဘီ
တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်က သူ့ရာထူးက နှုတ်ထွက်ကြောင်း ဧပြီလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။
လဂတ်ယန်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တပ်ရင်းမှူး ပြော
ဧပြီ(၂၇)၊ ၂၀၁၄ By ကိုထွေး
ကချင်ပြည်နယ် လဂတ်ယန်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်
ရွာသူရွာသားတွေကို အစိုးရစစ်တပ်က အရာရှိတွေက နေရပ်ကို အတင်းအကြပ် ပြန်ဖို့
ပြောဆိုခဲ့တယ်လို့ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့နဲ့ စခန်း တာဝန်ခံတွေက
ပြောပါတယ်။
ဧပြီ
၂၇ ရက်နေ့ မနက်ပိုင်း သွားရောက်တွေ့ဆုံစဉ်မှာလည်း စစ်မဖြစ်တော့တဲ့အတွက်
ရပ်ရွာကို ပြန်ဖို့ ပြောဆိုခဲ့သလို ပြန်မယ့်ရက်ကို မေးမြန်းခဲ့ပြီး
ပြန်မယ်ဆိုရင် အကူအညီတွေ ပေးမယ်ဆိုတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ စခန်း
တာဝန်ခံ ဦးလဆန်က ပြောပါတယ်။
ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး
မြေစာပုံပြိုကျမှုကြောင့်
ရေကန်ရေလျှံပြီး ကလေးငယ်သုံးဦး ရေနစ်မြုပ်ပျောက်ဆုံးသွားရာ ဒေသခံများ
ဝိုင်းဝန်းရှာဖွေနေစဉ် (ဓာတ်ပုံ−ကိုရွှေသိန်း)
Author: မောင်တာ၊ အောင်သစ်လွင်
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက စုပုံထားသည့် ပေ ၃၀၀ ခန့် အမြင့်ရှိ မြေစာပုံပြိုကျမှုကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့် မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။
မြန်မာ့ တရားစီရင်ရေး AHRC ဝေဖန်
ဧပြီ(၂၇)၊ ၂၀၁၄ ၊ မဆုမွန်
ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်သားတွေ
ပါဝင်ကျူးလွန်နေတဲ့ ပြစ်မှုတချို့အတွက် အခုအချိန်အထိ ထိထိရောက်ရောက်
ဖြေရှင်းနိုင်စွမ်းမရှိသေးဘူးလို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က
ဝေဖန်လိုက်ပြီး တရားစီရင်ရေးနဲ့ပတ်သက်လို့ အများပြည်သူ သိအောင်
ထင်သာမြင်သာဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့
လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို မဆုမွန်က
ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။
မွေးဖွားစာရင်း မရှိသေးသူများကို ဧပြီလ (၅) ရက်နေ့ စတင် ထုတ်ပေးမည်
ဧပြီ(၂၇)၊ ၂၀၁၄
မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကောက်ခံခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအပြီး မေလ (၅) ရက်နေ့မှစတင်ကာ မန္တလေးတိုင်း ဒေသကြီး အတွင်း မွေးစာရင်း မပြုလုပ်ရ သေးသူများကို ယူနီဆက်နှင့် ပူးပေါင်းကာ ပထမဆုံး အကြိမ် ပြုလုပ်ပေးသွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Subscribe to:
Posts (Atom)