Monday, February 18, 2013

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ ကို နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်းအစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်းထုတ်

ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၃

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲကို ၅ နှစ်ကြာ နှိပ်စက်ခိုင်းစေခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ စုံ စမ်း သိရသည်။
''ဒီကိစ္စအတွက်ကို အရင်ကတည်း က ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ အခု ပြစ်မှုကျူးလွန်တဲ့သူတွေက ထွက် ပြေးသွားပြီလို့ သိရတယ်။ တရားဝင်စာတော့ မဝင်သေးဘူး။ တရားဝင်စာ ဝင် လာပြီး ဘယ်လို ဆက်လက်ဆောင်ရွက် မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ''ဟု အဆို ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြား သည်။

ကချင်ဒုက္ခသည်တွေအတွက် ကုလအကူအညီစတင်စေလွှတ်

ကချင်စစ်ပြေးဒုက္ခသည် (၁၅၊ ၂၊ ၂၀၁၂)ကချင်စစ်ပြေးဒုက္ခသည် (၁၅၊ ၂၊ ၂၀၁၂)

မကြာသေးခင်က လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာ
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ဒုက္ခရောက်နေသူတွေကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ က အကူအညီတွေ ပေး အပ်တော့မှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေ အရှိန် လျော့ကျလာတာနဲ့အမျှ ကုလသမဂ္ဂ က အကူအညီ ပေးနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာပါ။

Saturday, February 16, 2013

ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ


ဖြူး၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် အသက် ၂၅ နှစ် အရွယ်ခန့်  ရှိပြီး ဦးခေါင်း ပြတ်နေသော ခန္ဓာကိုယ် ကို ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၁/၁၄၀ အနီးတွင် လာရောက် စွန့်ပစ် ထားကြောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင် အမှတ် ၂/၁၃၈ အနီး လမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းပြတ် တစ်လုံးကို ထပ်မံ တွေ့ ရှိခဲ့ ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

Friday, February 15, 2013

ခန္ဒာကိုယ်အပိုင်းပိုင်းပြတ် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိ









ဥဿာမြို့သစ်တွင် လူနေအိမ်များ ပြောင်းရွှေ့ရန် အမိန့်ထုတ်


စံခလပူရီ(မဇ္ဈိမ)။     ။ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၉) ရှိ လူနေအိမ်များကို မတ်လ ၁ ရက်နေ့
နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း ဒေသခံများက
ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် တရပ်ကွက်လုံးရှိ အိမ်ထောင်ဦးစီး တိုင်းသို့ စာနှင့်တကွ အကြောင်းကြားခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း အစည်းအဝေး ခေါ်ယူကာ
ပြောင်းရွှေ့ရန် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု ဆိုသည်။

Thursday, February 14, 2013

တိုင်ကြားသော်လည်း ရပ်ဆိုင်းခြင်းမရှိသည့် တရားမ၀င်အုတ်ဖုတ်ခြင်းလုပ်ငန်း


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လသာကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၀၉-က)/(၁၁၁၀-က)ကွင်း အတွင်း တရာမ၀င်အုတ်စက်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် လယ်ယာမြေနှင့် လယ်ယာလုပ်ငန်းခွင် သွင်းကုန်/ထုတ်ကုန်လမ်းဖြစ်သော လှည်းလမ်းများ ပျက်ဆီးဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါဒေသတွင် အုတ်စက်လုပ်ငန်းရှင်(၇)ဦးမှ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ရန်ပုံငွေဟု မထေမဲ့မြင်ပြောဆိုကာ ဒေသခံလယ်သမားများ၏ လယ်ယာမြေအတွင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်နေခြင်းသာဖြစ်ပါသည်။ ဒေသခံလယ်သမားများမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တိုင်ကြားသော်လည်း ယနေ့အချိန်အထိ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။ အုတ်စက်လုပ်ငန်းရှင်များ၏ ခြိမ်းခြောက်ရန်စခြင်းကိုသာ ခံနေကြောင်း သိရသည်။

Wednesday, February 13, 2013

ထမင်းတစ်နပ် လျှော့စားရန်ပြောဆိုသော လယ်ဆည်ဝန်ကြီးကိုယ်တိုင် လယ်ထွန်ကြည့်ရန် လယ်သမားများက ဖိတ်ခေါ်


ကိုရဲ

မြန်မာနိုင်ငံအပေါ်တွင်  နိုင်ငံတစ်ကာမှ တင်ရှိနေသော ကြွေးမီများအား လျှော်ပေးနေချိန်တွင် နိုင်ငံ၏ အသက်သွေးကြောဖြစ်သော လယ်သမားများတွင် တင်ရှိနေသော အကြွေးများဆပ်ရန်အတွက် ထမင်းတနပ်လျှော့စားရန် ပြောဆိုသော လည်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ စကားကြောင့် လယ်သမားများအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်းနှင့် လယ်သမားများ လက်ရှိကြုံတွေ့နေရသော အခြေအနေကို ကိုယ်တိုင်သိရှိနိုင်စေရန် ၀န်ကြီးကိုယ်တိုင်လာရောက်ကာ လယ်ယာအလုပ်ကို လုပ်ကိုင်စေလိုကြောင်း ညောင်လေးပင်မြို့နယ် လယ်သမားများက ဖိတ်ခေါ်လိုက်သည်။