၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပဲခူးတက္ကသိုလ်ကျောင်းသား/ကျောင်းသူများမှ
တက္ကသိုလ်ကျောင်းဝင်းအတွင်း ပြုလုပ်ကျင်းပခွင့်မရရှိသည့်အတွက် ပဲခူးမြို့၊ မြို့မကျောင်းတိုက်ရှိ သံဃာတော်အပါး(၃၀)အား
အာရုံဆွမ်းနှင့်ဆွမ်းဟင်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ရွှေမော်တော်ဘုရားနှင့် ကြေးသွန်းဘုရားတွင် ရွှေသင်္ကန်ကပ်ဆပ်လှူဒါန်းခြင်း၊ ဘုရားပန်း၊
ဆီမီးနှင့်အမွေးတိုင်းများ ဆပ်ကပ်လှူဒါန်း ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
