Sunday, September 16, 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

အမေရိကန်ပြည်ထောင်စုကို ဒီကနေ့ထွက်ခွာမည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်။ (စက်တင်ဘာလ ၁၆၊ ၂၀၁၂)။

Saturday, September 15, 2012

ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်

ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်
ဒေါက်တာလွဏ်းဆွေ

ကျနော့်အမြင် … ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြံ့ဖွံ့စစ်အစိုးရအာဏာပိုင်တွေနဲ့ ပြေလည်ချင်ဇောအားကြီးပြီး ကြံ့ဖွံ့အစိုးရ၀န်ကြီးတွေနဲ့ လုံးထွေး၊ ၈ လေးလုံးနှစ်ပတ်လည် အခမ်းအနားအတွက် အလှူငွေတွေ လက်ခံ၊ ၀န်ကြီးနှစ်ပါးကို ‘စေတနာဝသန်’ စတိတ်ရှိုးကို ဖိတ်ခေါ် ကြည့်ရှုခိုင်း၊ ဂစ်တာ လေလံတင်ပြီး ခရိုနီတွေရဲ့ ငွေတွေကို လက်ခံနဲ့ … ခရီးဆက်လာခဲ့တာ အခုတော့ ကြံ့ဖွတ်စစ်အစိုးရ အာဏာပိုင်တွေနဲ့ အတိဒုက္ခရောက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ပြည်သူတွေအကြား ရွှေပြည်အေးတရား အဟောလွန်ပြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ခဲ့ပါပြီ။

ဖားကန့်တိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး

လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းမှ ကချင်ဒုက္ခသည်ကလေးငယ်များ
                                             
ကိုမိုးဇော်
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေရပ်ကွက်တွေအတွင်းကို လက်နက်ကြီးကျည်တွေကျရောက် ပေါက်ကွဲခဲ့တာကြောင့်  လူ၁၃ယောက် ထိခိုက်ဒဏ်ရာရခဲ့ရာမှာ ၁ယောက်သေဆုံး ခဲ့ပါတယ်။ သေဆုံးသွားသူဟာ အသက်၁၃နှစ်အရွယ် ၉တန်း ကျောင်းသူဖြစ်ပြီး ကျောင်းက ပြန်လာချိန်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့နောက် ဆေးရုံမှာကုသစဉ် သေဆုံး ခဲ့ရတာပါ။

ကလေးဒေသတွင် ခိုးဝင်လာသော ဘင်္ဂါလီ ၊ ရိုဟင်ဂျာများဖမ်းမိ


ချင်းတောင်နယ်စပ်ဖက်မှ တောင်တန်းများကို ဖြတ်ကျော်ဝင်ရောက်လာသော ဘင်္ဂါလီရိုဟင်ဂျာများကို အုပ်စုလိုက်ကလေးမြို့ပေါက်တောရွာလေသာတောင်တောတန်း အနီးတွင်ပေါက်တောရွာသားများက ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန သို့ အပ်နှံခဲ့ကြောင်းသိရသည်။

Friday, September 14, 2012

"စမုတ်ဆုံခါ မဲခေါင်တံတားအနီးလှေဆိပ်မှ လူကုန်ကူးမှုဂိုဏ်းခေါင်းဆောင်ကိုဖမ်းမိစဉ်"

“ရောင်းစားခံထားရသည့် မြန်မာ၂၂ ဦးအား ကယ်တင်”



 စက်တင်ဘာ ၁၃
ကိုတီး
            ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ကျော်တွင်ရှိသော ချောင်းစမေစံ(ခ) အချောင်   လှေဆိပ်တွင်ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား ၂၁ ဦးတို့အား လူကုန်ကူးမှုတိုက် ဖျက်ရေးပူးပေါင်းဆောင်ရွက်သူများက ကယ်တင် နိုင်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၂ ရက်နေ့က ငါးဖမ်းလှေအလုပ် သမား ၁၈ဦးနှင့် စက်တင်ဘာ ၁၁ ရက်နေ့က ၃ ဦးနှင့် ယနေ့ တွင် ၁ ဦးတို့အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့AHTD ၊ ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် FED နှင့် မြန် မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း  အတွင်းရေးမှူး  မြန်မာသံမှူး  ဦးနိုင်ထွန်း တို့ ပူးပေါင်း ကူညီခဲ့ကြခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ တောင်သူလယ်သမားများမှ သမ္မတထံသို့ တိုင်ကြား