Thursday, September 13, 2012

ညီကတရားခံ အကိုကတရားလိုသေသူကဇနီးဖြစ်တဲ့ဝမ်းနည်းဖွယ်ရာ လူသတ်မှု ကွင်းပေါင်းကျေးရွာတင်ဖြစ်ပွား

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ဆက်သွားရဲစခန်းပိုင် ရဲစခန်းအနောက်မြောက်ဘက် ၁၇ မိုင်ခန့် အကွာ ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိခဲ့သည်။ဖြစ်စဉ်မှာ ၁၁.၉.၂၀၁၂ နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်သွားရဲစခန်းပိုင် ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွားနေကြောင်း သတင်းအရ ဆက်သွားရဲစခန်းမှ စခန်းမှူးရဲအုပ်ထွန်းထွန်းအောင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ အရပ်သို့သွားရောက်စုံစမ်းစစ်ဆေးရာ

ဒေါသစိတ်ကြောင့် လူသတ်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ မေဇွန်

 Thursday, September 13, 2012 အိမ့်သံစဉ်

 ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှုနဲ့ တရားစွဲ ခံလိုက်ရတဲ့အဖြစ် အထိ ရောက်သွား ခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက် ရာက ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်မှာ လူသတ်မှုအဖြစ် ပြောင်းလဲ တရားစွဲမှုခံလိုက်ရတာပါ။ သေဆုံးသွားတဲ့ မနုနုလွင်ဆိုတဲ့ အိမ်ဖော်မလေးကို သူကိုယ်တိုင် သတ်လိုက်တယ်လို့ အိမ်ရှင် မမေဇွန်က ၀န်ခံလိုက်တဲ့ အကြောင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါလာပါပြီ။ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မမေဇွန် ခရီးသွားပြီး ပြန်လာမှ ကမာရွတ်မြို့နယ်က သူ နေထိုင်ရာ တိုက်ခန်းပေါ်တက်၊ ပြေးဆင်းပြီး ရပ်ကွက်ကို အကူ အညီတောင်း ရဲစခန်းအကြောင်းကြားလို့ ပုပ်ပွနေတဲ့ အိမ်ဖော်မလေးရဲ့ အလောင်းကို ရဲတွေက တွေ့ရှိပြီး ပထမတော့

Monday, September 10, 2012

ကလေးစစ်သားမိခင် (ILO)ထံတိုင်ကြား


အရွယ်မရောက်သေးသည့် အသက်(၁၈)နှစ်အောက် ကလေးစစ်သား မောင်ကြည်လွင်အား စစ်တပ်ကနုတ် ထွက်ခွင့်ပြုရန် မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နိုင်မှ ရန်ကုန်မြို့ ထရိတ်ထားဟော်တယ်ရှိ အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာအဖွဲ့ထံသို့ စတင်ဘာလ(၁၀)ရက်နေ့တွင် တိုင်ကြားလိုက်ပြီးဖြစ်ကြောင်း သိရှိ ရသည်။

မောင်ကြည်လွင်သည် လွန်ခဲ့သော ၂၀၁၀ခုနှစ် (၄)လပိုင်းတွင် မိဘများနှင့်အတူ ဈေးရောင်းဈေးဝယ်လုပ် ကိုင်ရင်း ပျောက်ဆုံးသွားခဲ့ရာမှ  ကလေးစစ်သား အဖြစ်စုဆောင်းခံရတာ ဖြစ်ပါတယ်။ ထို့နောက် သပိတ်ကျင်း အမှတ်(၂)စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ခဲ့ရပြီး အမှတ် (၅၇၅) ခမရ တပ်ရင်း မိုင်းပန်မြို့တွင် ကိုယ်ပိုင်အမှတ် တ-၄၃၆၄၆၅ ဖြင့် စစ်မှုတာဝန်ထမ်းဆောင် နေရဆဲဖြစ်ပါသည်။ အသက် (၁၅) နှစ်မပြည့်ခင်မှာ ကလေးစစ်သားအဖြစ် သွတ်သွင်းခံရတာဖြစ်ပြီး ယနေ့အချိန်အထိ အသက်(၁၇)နှစ်မပြည့်သေး သော်လည်း စစ်မှုထမ်းဘ၀ကိုရောက်ရှိနေသည်မှာ (၂)နှစ်တာအချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

Sunday, September 9, 2012

“လူကုန်ကူးမှုဂိုဏ်းခေါင်းဆောင် အမျိုးသမီးအား မဲခေါင်တံတားလှေဆိပ်အနီးတွင်ဖမ်းမိ”



စက်တင်ဘာလ ၈
     ကိုတီး
 ထိုင်းမြန်မာလူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သူများကဘန်ကောက်မြို့ တောင် ဘက် ကီလိုမီတာ ၇၀ခန့်  အကွာရှိ စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်တွင် ရောင်းစားခံထားရသူ၂ဦးနှင့် လူကုန်ကူးမှုဂိုဏ်း ခေါင်း ဆောင် မြန်မာအမျိုးသမီး တစ်ဦးကို ယမန်နေ့ညဥ့်က လက်ပူး လက်ကြပ် ဖမ်းမိ ခဲ့ကြောင်းသိရသည်။

လယ်သိမ်းခံလယ်သမားများ ၀ါဝါ၀င်းကုမ္ပဏီကိုဆန္ဒပြမည်

လှိုင်သာယာမြို့နယ်အတွင်း ရှိ လယ်ဧက ၇၀၀ ကျော်အသိမ်း ယူခဲ့ထားရသည့် လယ်သမားများ  သည် ၀ါဝါ၀င်းကုမ္ပဏီရုံးချုပ်ရှေ့ တွင် စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ဆန္ဒထုတ်ဖော်သွားမည်  ဖြစ်ကြောင်း ယင်းအရေးကိုကူညီ ဆောင်ရွက်နေသူဦးဝင်းချိုက ပြော သည်။

(၇၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ကို ရခိုင် ပြည်နယ် အနှံ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ မောင်ရမ္မာ

ယနေ့ စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက် မြန်မာ လွှတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ပြည်နယ် အစိုးရ အပါအ၀င် ရခိုင်ပြည်သူများက ရခိုင်ပြည်နယ် အနှံ့ အပြားတွင် အထူး စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတော်ကချပေးတဲ့မျိုးစပါး ဘယ်ဆီကိုများ ရောက်နေသလဲ

အဖေ့သား(ပဲခူး)
နေ့စွဲ ၂၀၁၂ခုနှစ် စတင်ဘာလ ၅ရက်

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်နှင့်ညောင်လေးပင်မြို့နယ်အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ် ပျက် ဆီးဆုံးရှုံးမှုခံစားနေရသော တောင်သူလယ်သမားများမှာ နိုင်ငံတော်မှ ချပေးသော မျိုးစပါး များကို ယနေ့ အချိန်ထိ မရရှိ ဘဲကြန့်ကြာ နေ ကြောင်းသိရသည်။