Saturday, May 3, 2014

အသက်ပါနုတ်ယူနေသော သေမင်းအပူဒဏ်

 အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်အောက်တွင် ဦးမျိုးချစ် တစ်ယောက် ချွေးတဒီးဒီး ကျနေသော်လည်း ဝမ်းရေးအတွက် ဆိုက်ကားကို အားတင်းနင်းနေရသည်။ သို့သော် သူတောင့်မခံနိုင်တော့။ ထိုအပူချိန်အောက်တွင် ချွေးထွက်လွန်ပြီး မူးလဲရာမှ မန္တလေး ဆေးရုံကြီးသို့ ရောက်ခဲ့ရသည်။

တောင်ကိုရီးယား သင်္ဘော နစ်မြုပ်ခါနီးအချိန်တွင် ကျောင်းသားတစ်ဦး ရိုက်ကူးထားခဲ့သော ဗွီဒီယို ထွက်ပေါ်လာ(ရုပ်/သံ)


တောင်ကိုရီးယားသင်္ဘော နစ်မြုပ်ခါနီးအချိန်တွင် သင်္ဘောပေါ်ရှိ အခြေအနေကို အသက် ၁၇နှစ် အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ Park Su-hyeon က

မြန်မာ ကန်လူ့အခွင့်အရေး လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်

အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall
အရပ်ဘက်လုံခြုံရေး၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီးSarahSewall

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာသတင်းလွတ်လပ်ခွင့်နှိပ်ကွပ်မှု နိုင်ငံတကာဝေဖန်


မြန်မာအစိုးရအနေနဲ့  သတင်းသမားတွေအပေါ် ဥပဒေမဲ့ဖမ်းဆီးအရေးယူနေတာတွေကို ချက်ချင်းရပ်တန့်ပြီး သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးဖို့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ Human Rights Watch အဖွဲ့၊ FIDH နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Alt ASEAN နဲ့ RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ခေါ်ဆောင်လာစဉ် ဖမ်းမိ

Photo: တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ခေါ်ဆောင်လာစဉ် ဖမ်းမိ
===========================================
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့
နယ်မှ အမျိုးသမီးငယ်တစ်ဦးအား တရုတ်အမျိုး
သားနှင့် ပေးစားရန် ခေါ်ဆောင်လာစဉ်
ဖမ်းဆီးရမိသဖြင့် စည်းရုံးစုဆောင်းသူနှင့်
 ခေါ်ဆောင်လာသူတို့အား ဧပြီ ၃၀ ရက်က

မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ်(၄) ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက် ကန်ပတ်လမ်းနေ ဒေါ်ရင်လေး ၏ အိမ်တွင် တည်းခိုနေသူ မနော်ဝါး အယ်မူး(ခ)ပိုပို(တရုတ်အမျိုးသားနှင့် အိမ်ထောင် ကျသူ)က အမျိုး သမီးငယ်များအား တရုတ်အမျိုးသားများနှင့် လက်ထပ်ပေးရန် လာရောက် စည်းရုံး ခေါ်ဆောင်နေကြောင်းသတင်းအရ တပ်ဖွဲ့စု(မန္တလေး)က တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အောင်မြေသာစံမြို့နယ် တာဘောင်လမ်း (၁၁ လမ်းနှင့် ၁၂လမ်း) ကြား၌စောင့်ဆိုင်းနေစဉ် ဧပြီ ၃၀ ရက် နံနက် ၇ နာရီခွဲတွင် မနော်ဝါးအယ်မူး(ခ)ပိုပိုတို့ ငှားရမ်းစီးနင်းလာသည့် မန္တလေး-မူဆယ် ပြေးဆွဲသော အမြန်ယာဉ်ငယ်ဗင်ကားအဖြူရောင်အား တားဆီး၍ မနော်ဝါးအယ်မူး(ခ)ပိုပိုနှင့်အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးတို့အား တပ်ဖွဲ့စု(မန္တလေး)ရုံးသို့  ခေါ်ဆောင်ပြီး တွေ့ဆုံ မေးမြန်းခဲ့သည်။

တွေ့ဆုံမေးမြန်းချက်များအရ မနော်ဝါးအယ်မူး(ခ)ပိုပိုသည် လွန်ခဲ့သောသုံးနှစ်ခန့်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ တရုတ်အမျိုးသားနှင့် လက်ထပ်မည့် မိန်းကလေးများအားစည်းရုံးခေါ်ဆောင်ရန်အတွက် မန္တလေးမြို့အောင်မြေ သာစံမြို့နယ် အိုးဘို ရပ်ကွက် ကန်ပတ်လမ်းနေ မွေးစား မိခင် ဒေါ်ရင်လေးနေအိမ်သို့ ရောက်ရှိတည်းခိုခဲ့ကြောင်း၊ မနော်ဝါး အယ်မူးက ချမ်းမြသာစည်မြို့နယ်မှ အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးအား တရုတ် အမျိုးသားအား ယူပါက ငွေများစွာ ရရှိပြီးငွေသုံးနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သို့လည်း ပြန်လာ၍ ရမည်ဟု စည်းရုံးပြောဆိုပြီး ကြိုတင်ငွေကျပ်တစ်သိန်းကို မွေးစားမိခင် ဒေါ်ရင်လေးမှ တစ်ဆင့်ပေး ခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ခင်ပွန်း တရုတ်အမျိုးသား၏အစ်ကို (တရုတ် နိုင်ငံသား)နှင့် ပေးစားရန် ခေါ်ဆောင်လာစဉ် ယခုကဲ့သို့ စစ်ဆေး မေးမြန်းခံရခြင်းဖြစ်ကြောင်းသိရသည်။

စစ်ဆေးချက်များအရ ငွေကြေးအကျိုးအမြတ်အတွက် ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ချမ်းမြ သာစည်မြို့နယ်မှ အသက် (၂၀) အရွယ်အမျိုးသမီး တစ်ဦးအား ခေါ်ဆောင်ခဲ့သူ မနော်ဝါးအယ်မူး(ခ) ပိုပိုနှင့် လူစုဆောင်းရှာဖွေ သူဒေါ်ရင်လေး တို့နှစ်ဦးအား အောင်မြေသာစံမြို့နယ် အမှတ်(၄) ရဲစခန်းမှ (ပ)၁၃၉/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

MOI Webportal Myanmar

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးအား တရုတ်အမျိုးသားနှင့် ပေးစားရန် ခေါ်ဆောင်လာစဉ်ဖမ်းဆီးရမိသဖြင့် စည်းရုံးစုဆောင်းသူနှင့်ခေါ်ဆောင်လာသူတို့အား ဧပြီ ၃၀ ရက်က

မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ်(၄) ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရနိုင်ငံ စာရင်းသွင်းရန် တင်ပြ

USCIRF
by ကိုထွေး
ဘာသာရေး လွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို တင်သွင်းလိုက်ပါတယ်။

ဒီဗွီဘီသတင်းထောက် ထောင်ချခံရမှု မီဒီယာဥပဒေရဲ့ ဟာကွက်ဟု ပြန်ကြားရေးဝန်ကြီးပြော

DSC_0938 (Copy) (Copy) 

By ပိုင်စိုး
ဒီဗွီဘီသတင်းထောက်ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာဟာ သတင်းသမားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ်မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

မနက်အိပ်ယာထထခြင်း ရေတစ်ခွက် သောက်လိုက်ပါ



တကယ်ပဲ ကျန်းမာရေး အတွက် အထောက်အကူပြု ပါတယ်။ အခြားသော အချိန်တွေမှာ သောက်တာထက် မနက်အိပ်ယာ ထထချင်းမှာ သောက်တာက ပိုမိုပြီး အာနိသင် ရှိပါတယ်။

ပဲပြုတ်ထမင်းကြော်တွင် ဆားနှင့်ယမ်းစိမ်း မှားထည့်ရာမှ လူ ၃၀ ကျော်ဆေးရုံရောက်

အစာအဆိပ်သင့်လူနာများ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လှည်းကူးမြို့နယ် သားရေစက်ရုံမှ အလုပ်သမားများ စားသုံးမည့် ထမင်းကြော်နှင့် ပဲပြုတ်ထဲတွင် ဆားနှင့်ယမ်းစိမ်း မှားထည့်မိရာမှလူ ၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ ကြောင်းသတင်း ရရှိသည်။

မေလဒုတိယပတ်တွင် မြန်မာသို့ မုန်တိုင်းဝင်နိုင်ခြေရှိ



Author: အောင်သစ်လွင်

ဘင်္ဂလားပင်လယ် အော်တွင် မေလဒုတိယပတ်အ တွင်း မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာ နိုင်ပြီး မြန်မာနိုင်ငံသို့ ၀င်ရောက် ရန် ၃၈ ရာခိုင်နှုန်း သေချာနေ ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။

ပဲခူးမြို့နယ်တွင်း ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ်



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာတွင် ၁-၅-၂၀၁၄ ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းခဲ့ရာ စ မူလတန်းလွနစာသင်ကျောင်းအပါအ၀င်ပျက်စီးသွားသောနေအိမ်(၉၅)လုံး နှင့်အိမ်ခေါင်မိုးပျက်စီးသွားသောနေအိမ်(၉၇)လုံးစုစုပေါင်း(၁၉၂)လုံးဆုံးရှုံးသွားခဲ့ပြီး
လျှပ်စစ်မီးကျောက်တိုင် များပြိုလဲသွားခဲ့ကြောင်းသတင်းရရှိသည်။အဆိုပါကျေးရွာသို့

အစိုးရတပ်ထိန်းချုပ်နယ်မြေအတွင်း ဗုံးထပ်မံပေါက်ကွဲ တစ်ဦးသေ သုံးဦးဒဏ်ရာရ

မေလ ၁ ရက် ၂၀၁၄

မြန်မာအစိုးရတပ် ထိန်းချုပ် နယ်မြေအတွင်းဖြစ်သော ကချင်ပြည်နယ် ကိုင်းထောက်ကျေးရွာ ဗန်းမော်သွားရာ ကားလမ်းမပေါ်တွင် မနေ့ မနက်ပိုင်း တွင် ဗုံးတစ်လုံးပေါက်ကွဲကာ လူတစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း သိရသည်။

"ပြည်သူတွေရင်ထဲက မေ့မရနိုင်တဲ့ ဒဏ်ရာ"

"ပြည်သူတွေရင်ထဲက မေ့မရနိုင်တဲ့ ဒဏ်ရာ" မကြာမီ ထုတ်လွှင့်ပြသသွားပါမည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါဝင်အားစမ်းမည်

တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီအနေဖြင့် လာ မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက် ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာသာဝင်ရောက်ယှဉ် ပြိုင်သွားရန် ရှိကြောင်းသိရသည်။
၂၀၁၄ ကြားဖြတ်ရွေးကောက်  ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်ရှိပြီး လစ်လပ်မဲဆန္ဒနယ်နေရာသာဝင်ရောက်ယှဉ်ပြိုင်ရခြင်း မှာလည်း ရွေးကောက်ပွဲကို အားစမ်း သည့် အနေအထားကြောင့် ဖြစ် ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောသည်။

“အုန်းနို့စက်ရုံအလုပ်သမားများ ဆန္ဒပြ”

စောမောင်၊ မဟာချိုင်

         
ထိုင်းနိုင်ငံ မဟာချိုင်မြို့ အုန်နွဲ့ စိုင်ဟတ်ရပ်ကွက်အတွင်းရှိ အုန်နို့များ ထုတ်လုပ်သော AMPOL FOOD PROCSSING,LTD  မှ ရာချီရှိသည့် မြန်မာ   ရွှေ့ပြောင်းအလုပ်သမား များ လုပ်အားခမရသဖြင့် စုဝေဆန္ဒပြခဲ့ကြသည်။
ယနေ့ဆန္ဒပြအလုပ်သမားများသည်  စက်ရုံ၌ အန္တရာယ်အများဆုံ လုပ်ငန်ခွင်ြ ဖစ် သော အုန်းသီးအခွံခွာ (ကထွက်ဒီယို) မှ အလုပ်သမားများဖြစ်ကြပြီ ၎င်း တို့လုပ်အားခငွေများအပြည့်ဝရရှိစေရန်အတွက် စုဝေဆန္ဒပြကြခြင်းဖြစ်သည်။

“ကျနော်နဲ့မြန်မာဘေးဒုက္ခကြီး၂ခုကူညီမှု”


(၁) နာဂစ်
လူပေါင်းတစ်သိန်းကျော်သေခဲ့တဲ့ ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်း။ ၆နှစ်ပြည့်ခဲ့ပြီး  အမှတ်ရစရာတွေကျန် နေခဲ့တယ်။ မနေ့တစ်နေ့ကလိုပဲ စိတ်ထိခိုက်မိတယ်။ ကြေကွဲဝမ်းနည်းဖို့ကောင်းတဲ့ဖြစ်ရပ်မြင်ကွင်း။

Friday, May 2, 2014

MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်


ဇော်ဇော်ထွေး၊ ဖြိုးဝေလင်း


ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

Wednesday, April 30, 2014

RSFက ထုတ်ပြန်သည့် သူရဲကောင်းသတင်းထောက် ၁ဝဝ စာရင်းတွင် DVBသတင်းထောက် ကိုဇော်ဖေပါဝင်

Written by 
ဧပြီ(၃၀)၊ ၂၀၁၄ 
မေလ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် သူရဲကောင်းသတင်းထောက် ၁ဝဝ ဦး၏ ကိုယ်ရေးအကျဉ်းကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်ရာတွင် ဒီဗွီဘီ (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းထောက် ဦးဇော်ဖေလည်း ပါဝင်ခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာမှ ကျွန်းသစ်လုံး၊ သစ်မာများ အပါအ၀င် သစ်တောထွက်ပစ္စည်းများ စံချိန်တင် ဒေါ်လာတစ်ဘီလျံနီးပါးအထိ ပြည်ပတင်ပို့ခဲ့

 ပြည်ပတင်ပို့ရန် သီလ၀ါဆိပ်ကမ်း ဧရိယာအတွင်း ထားရှိသော သစ်လုံးများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

ဧပြီ(၃၀)၊ ၂၀၁၄
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများအပါအ၀င် သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈၀၈ သန်းဖိုးအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

ယောက်ျားတွေ သတိထား

ကျမတို့ မိန်းမသားတွေကို ယောက်ျားတွေက အားနွဲ့သူတွေပါလို့ အမြဲပြောရင်း အထင်သေးတာမျိုးတွေ လည်း ရှိကြသလို သနားဂရုဏာ ထားတာမျိုးလည်း ရှိကြပါတယ်။ 

ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ

ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။ 

 ဓာတ်ပုံ - ဘန်ကောက်ပို့စ်

ဖမ်းဆီးရမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာ ခရိုင် ဟတ်ယိုင်ဒေသမှာ ရဲက စုံစမ်းစစ်ဆေး မှု တွေကို ရက်သတ္တပတ်နဲ့ချီပြီး လုပ်နေခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ဖော်ပြပါတယ်။ 

မူးယစ်ဆေးသုံးစွဲသည့် မီးရထားရဲ တချို့ကြောင့် မီးရထားရဲများ ဖမ်းဆီးခံရ


၂၀၁၄ ၊ ဧပြီလ ၃၀ ရက်

အမှတ်(၃)မီးရထားရဲဌာနချုပ် ကောလင်းတွင် ရထားရဲများအား ရွေးချယ်၍ ဆေးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အချို့သော ရဲသားများမှာ သုံးစွဲမှုမရှိပါဘဲ ဆေးစစ်ချက်အရ တွေ့ရှိရသည်ဟုဆိုကာ (၁၇)ဦး ဖမ်းဆီးခံနေကြရကြောင်း၊
အမှန်တကယ် မူးယစ်ဆေးဝါးသုံးစွဲနေသူ မီးရထားရဲသား (၂)ဦးမှာ လွတ်ကင်းနေကြောင်းနှင့် ယင်းတို့အား နောက်ထပ်တဖန် ပြန်စစ်ဆေးမှာ ဆေးစစ်ချက်အရ တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း၊
ယခု ၄-၄-၂၀၁၄နေ့တွင် ကောလင်း အမှတ်(၃)မီးရထားရဲဌာနချုပ်တွင် (၁၉)ဦး ဖမ်းဆီးခံနေကြရကြောင်း ဖမ်းဆီးခံ မိသားစုမှ ပြောကြားခဲ့သည်။

Tuesday, April 29, 2014

နောက်ပြန် ဆုတ်မှာစိုးလို့ မဝေဖန်ဘဲ ငြိမ်ခံနေသင့်သလား


ဦးသိန်းစိန်, နော်ဝေ, ကချင်, ဆန္ဒပြပွဲ
သမ္မတ ဦးသိန်းစိန် နော်ဝေသို့ ၂၀၁၃ ခုနှစ်တွင် သွားရောက် လည်ပတ်စဉ် ဆန္ဒပြနေသူများ (ဓာတ်ပုံ – ထက်အောင်ကျော်)

ဧပြီ(၃၀)၊ ၂၀၁၄
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲနဲ့ သက်ကြီးပူဇော်ပွဲတခု နော်ဝေနိုင်ငံ အော်စ လိုမြို့အပြင်ဖက်ရှိ မြို့ငယ်လေးတခုမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲသွားရင်း ရိုးရာနှစ် သစ်ကူးတာ၊ သက်ကြီးပူဇော်တာ၊ ကတာ ခုန်တာတွေကို မြင်ခဲ့ရတဲ့အပြင် ထူးထူးခြားခြား ကချင်ဒုက္ခသည်စခန်းကနေ ရောက်လာတဲ့ အမှတ်တရ သော့တွဲလေးတခုကိုပါ ၀ယ်ဖြစ်ခဲ့ပါတယ်။

ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရကို ကမ်းလှမ်း

အစိုးရတပ်နှင့် ကေအိုင်အေကြား စစ်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းနေရသော စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ − JADE LAND)
ဧပြီ(၃၀)၊ ၂၀၁၄ 
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် မေလ ၁၀ ရက် တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးရန် ဧပြီ ၂၉ ရက်က အကြောင်းကြားလာကြောင်း သ တင်းရရှိသည်။

“ပတ်စပို့ဝတ်ပါမစ်ရှိသည့်မြန်မာအလုပ်သမား၁၂ဦးအားဘန်ကောက်တွင်ဖမ်း”


   
မြတ်ညို (အလွတ်သတင်းထောက်)



            ၂၀၁၄ ခုဧပြီ ၊၂၉ ရက်
ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်တွင်ရှိသော ပတူနန်းကုန်တိုက် ညဈေးတွင်ဈေး အကူေ ရာင်းသည့်ပတ်စပို့  နှင့်ဝတ်ပါမစ်အပြည့် အစုံရှိသည့် မြန်မာအလုပ်သမား ၁၄ ဦး တို့အား ယမန်နေ့ညနေက ထိုင်းလ၀က မှဖမ်း ဆီးသွားကြောင်း အလုပ်သမားများ၏ အစ်မတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင် စီမံကိန်းရှိ လယ်တီသိမ်ကို အပြီးဖြိုဖျက်

လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ်
လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ်

ဧပြီ(၃၀)၊ ၂၀၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ၀က်မှေး ကျေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ခန်းရောင်းဝယ်ရာတွင် မူလမြေပိုင်ရှင်များ လက်မှတ်ထိုးခငွေကြေးများ တောင်းခံက တရားစွဲနိုင်


ဧပြီ(၃၀)၊ ၂၀၁၄
ရန်ကုန်မြို့ တိုက်ခန်း အရောင်းအ၀ယ် ပြုလုပ်ရာတွင် စာချုပ်ချုပ်ဆိုရာ၌ မူလမြေပိုင်ရှင်မှ လက်မှတ်ထိုးခ အဖြစ် ငွေကြေး တောင်းခံလာပါက ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုနိုင်ကြောင်း သိရသည်။

ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က နယ်လှည့်ပါးရိုက်ပြီး မွန်ဝန်ကြီးချုပ်ဦးအုန်းမြင့်က အဆဲခံမယ်

ဧပြီ(၃၀)၊ ၂၀၁၄
“နယ်လှည့်ပြီး ပါးရိုက်လာတာ”ဟုဆိုသော ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် ပြီးနောက် “မကျေနပ်  လို့ရှိရင်ကျွန်တော့်ကို လာဆဲပါ။ အဆဲခံပါ့မယ်”ဟု မွန်ပြည်နယ်ဝန် ကြီးချုပ်ဦးအုန်းမြင့်က ပြောလာပြန် သည်။

ကမ်းသာယာက တပ်သိမ်းမြေတွေ ပြန်ပေးမယ်

ကမ်းခြေမှာ တပ်မြေသိမ်းမှုတွေ ရှိနေ
ဧပြီ(၃၀)၊ ၂၀၁၄
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌ ဦးရွှေမန်းက စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ ရခိုင် ပြည်နယ် တောင်ပိုင်း ဂွမြို့မှာ ပြောပါတယ်။

ပျောက်ဆုံးလေယာဉ် ရှာဖွေသည့် နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ဦး မလေးရှား ငှားရမ်း




ကွာလာလမ်ပူ ဧပြီ ၂၉

မလေးရှားလေယာဉ် ပျောက်ဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖွေ ထောက်လှမ်းရန် တာဝန်ပေးထားသော နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ကို ဦးဆောင်မည့်သူတစ်ဦးအဖြစ် လေကြောင်းညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူ ကွတ်ဆူချွန်ကို မလေးရှားက ငှားရမ်းလိုက်ကြောင်း မလေးရှား အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

Monday, April 28, 2014

မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ဧပြီ(၂၈)၊ ၂၀၁၄
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ- မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာအနီးတွင် ဧပြီလ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်းတိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။

ပြည်မြို့တွင် ခွင့်ပြုချက်မရှိ ဆန္ဒပြမှုဖြင့် သတင်းထောက်တဦး တရားစွဲခံရ

ဧပြီ ၂၅ ရက်နေ့ ဆန္ဒပြပွဲအတွင်း သတင်းထောက် ဦးရေခဲနှင့် ရဲအရာရှိ ဆွေးနွေးနေစဉ်
ဧပြီ ၂၅ ရက်နေ့ ဆန္ဒပြပွဲအတွင်း သတင်းထောက် ဦးရေခဲ (မျက်မှန်) နှင့် ရဲအရာရှိ ဆွေးနွေးနေစဉ်

ဧပြီ(၂၈)၊ ၂၀၁၄၊ By ဒီဗွီဘီ
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က သတင်းထောက် ၂၀ လောက်နဲ့ ဒေသခံ စုပေါင်း ၁၀၀ လောက်က ဖမ်းဆီးတရားစွဲဆို ထောင် ဒဏ် ကျနေတဲ့ သတင်းထောက် တွေ ပြန် လွှတ်ပေးရေး၊ မီဒီယာလွတ်လပ် ခွင့်ရရှိရေးနဲ့ ပြည်သူပိုင် အဆောက်အဦနဲ့ ရုံးတွေမှာ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရေး တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ယူနတီဂျာနယ်သတင်းထောက်များကို ၈ ကြိမ်မြောက် ရုံးထုတ်



ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's) 
ဧပြီ(၂၈)၊ ၂၀၁၄
နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေ ဒီကနေ့ မနက်ပိုင်းကနေ စပြီး ပခုက္ကူမြို့တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထွက် စစ်ဆေးခံနေရကြောင်း ယူနတီဂျာနယ်သတင်းထောက် ဦးရာဇာဦးရဲ့ အမျိုးသမီး ဒေါ်သိဂီ င်္ထွန်းက ပြောပါတယ်။

အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေ ရှိနေ

ဒီနှစ် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပုံမှန် အပူချိန်ရဲ့ အထက် ၆၀ ရာနှုန်းလောက်အထိ တိုးမယ်လို့ ခန့်မှန်းထား
ဧပြီ(၂၈)၊ ၂၀၁၄
မြန်မာနိုင်ငံမှာ အပူချိန် မြင့်တက်လို့ လူတွေ သေဆုံးရတဲ့အထိ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မွတ်စလင် ဖိနှိပ်ရင် မြန်မာ မတိုးတက်နိုင်

အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမား။ (Credit: AFP) 
ဧပြီ(၂၈)၊ ၂၀၁၄
လူနည်းစု ​ဘာသာခြား ​မွတ်စလင်တွေကို ​ဖိနှိပ်နေမယ်ဆို ရင်တော့ ​မြန်မာနိုင်ငံ အနေနဲ့ ​တိုးတက်မှာ ​မဟုတ်ဘူးလို့ ​အမေရိကန်သမ္မတ ​အိုဘားမားက ​မနေ့က ​ပြောကြား လိုက်ပါတယ်။

မြန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် အိုဘားမား သတိပေး

အမေရိကန်သမ္မတ အိုဘားမား- မလေးရှားနိုင်ငံ Malaya University မှာ အာရှလူငယ်များနဲ့ တွေ့ဆုံရန်လာစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄)
ဧပြီ(၂၈)၊ ၂၀၁၄
မြန်မာနိုင်ငံမှာ လူနည်းစု မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေမှုဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့  အမေရိကန်သမ္မတ Barack Obama က သတိပေးလိုက်ပါတယ်။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ သမ္မတ အိုဘားမားဟာ တနင်္ဂနွေနေ့က အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြား လိုက်တာဖြစ်သလို  ဒေသတွင်း တည်ငြိမ်ရေး အတွက်လည်း အမေရိကန် ပြည်ထောင်စုက အကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ

ဆော်ဒီကျန်းမာရေးဝန်ကြီး Abdullah al-Rabia
ဧပြီ(၂၈)၊ ၂၀၁၄
ဆော်ဒီ အာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် နောက်ထပ် လူ ၁၀ ယောက်သေဆုံး သွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိ ချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂ ယောက်အထိရှိသွားခဲ့ပါပြီ။

Sunday, April 27, 2014

မုံရွာမြို့ သလ္လာရပ်ကွက်နေအိမ်မှ ၀ါယာရှော့ဖြစ်ပွားကာ နေအိမ်(၂၃)လုံးခန့် မီးလောင်ကျွမ်း


၂၅. ၄. ၂၀၁၄ ည( ၁၁)နာရီအချိန်ခန့် တွင်မုံရွာမြို့ သလ္လာရပ်ကွက် သလ္လာအမှတ်(၄) ရပ်တွင် ဦးကျော်မြင့် ဒေါ်သင်းသင်းဟန် တို့ ၏ နေအိမ်တွင် အိမ်ငှား ငှားရမ်း နေထိုင်သူဦးဘိုဌေး ဆိုသူ ၏ နေအိမ်

လားရှိုးမြို့ ရေပေးဝေရေး ရေကန်တစ်ကန်တွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး


လားရှိုး၊ ဧပြီ ၂၅

ဧပြီလ ၂၄ရက်နေ့ ၊ နံနက် ၈နာရီခန့် က လားရှိုးမြို့ ၊ ရပ်ကွက် (၅)၊ ရေကန်တောင်၊ ရေကန်အမှတ် (၃) တွင် အမည်မသိ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေသည်ကို တွေ့ ရှိခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်ကို မည်သူပိုင်သနည်း


နိုင်ငံတော်ကို မည်သူပိုင်သနည်းဟု ဆိုပါလျှင် နိုင်ငံသားအားလုံးတို့ပိုင်သည် ဟုပင်ဆိုရပေမည်။ နိုင်ငံသားဆိုသည်မှာ လည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့်တိုင်းရင်းသား ပေါင်းစုံတို့ပါဝင်ကြပေသည်။ ဆင်းရဲချမ်း သာလူတန်းစားမရွေး ကျားမ မဟူအားလုံး ခွင့်တူညီမျှပိုင်ဆိုင်ကြပေသည်။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁) နိုင်ငံတော်၏အခြေခံမူများ၊ ပုဒ်မ(၄) တွင် ““နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည် သည်””ဟု ပြဋ္ဌာန်းထားသဖြင့် နိုင်ငံသား တို့သည် အချုပ်အခြာအာဏာကိုပိုင်သူ များလည်းဖြစ်ကြပေသည်။

ပြည်ထောင်စုဝန်ကြီးဘုရား အလှူအပြီးခိုးခံရ


နွားထိုးကြီးမြို့နယ်၊လုံးတော ရွာ၌ ရဟန္တာကြေးသွန်းဘုရား တစ်ဆူ ဧပြီလဆန်းက ဆိုင်ကယ် ပေါ်တင်၍အခိုးခံလိုက်ရကြောင်း ဒေသခံရွာသူတစ်ဦးကပြောသည်။ အဆိုပါရဟန္တာမှာ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉဏ်ထွန်းအောင် ကိုးကွယ် ထားသော ဓမ္မာရုံမှ သော့နှစ်ထပ် ဖျက်၍ အခိုးခံရခြင်းဖြစ်သည်ဆို ၏။

“အခန်းပိတ်လှောင်ခံရခိုင်မိန်းကလေးငယ်တစ်ဦးအားကယ်ထုတ်”



၂၀၁၄ ဧပြီလ ၂| ကိုတီး

  သုံးညနှင့်လေးရက် အခန်းတွင်းပိတ်လှောင်ခံခဲ့ရသည့် ရခိုင်အလုပ်သမတစ်ဦးအား ဘန်ကောက်မြို့တွင် MAT နှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ညနေက ကယ်ထုတ်နိုင်ခဲ့သည်။

သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတာကြောင့် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ် 
                                      တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်

ဧပြီ(၂၇)၊ ၂၀၁၄ By ဒီဗွီဘီ 

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်က သူ့ရာထူးက နှုတ်ထွက်ကြောင်း ဧပြီလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။

လဂတ်ယန်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တပ်ရင်းမှူး ပြော

ဧပြီ(၂၇)၊ ၂၀၁၄  By ကိုထွေး
ကချင်ပြည်နယ် လဂတ်ယန်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် ရွာသူရွာသားတွေကို အစိုးရစစ်တပ်က အရာရှိတွေက နေရပ်ကို အတင်းအကြပ် ပြန်ဖို့ ပြောဆိုခဲ့တယ်လို့ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့နဲ့ စခန်း တာဝန်ခံတွေက ပြောပါတယ်။
Kachin Refugee21 copyစခန်းနဲ့ နီးတဲ့နေရာမှာ ဒုက္ခသည် မရှိသင့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမှာ မနေသင့်တဲ့ အကြောင်း ပန်ခမ်းစခန်းက တပ်ရင်းမှူးက ခေါ်ယူပြောဆိုခဲ့တာ ဖြစ်တယ်လို့ လဂတ်ယန် စခန်း တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဧပြီ ၂၇ ရက်နေ့ မနက်ပိုင်း သွားရောက်တွေ့ဆုံစဉ်မှာလည်း စစ်မဖြစ်တော့တဲ့အတွက် ရပ်ရွာကို ပြန်ဖို့ ပြောဆိုခဲ့သလို ပြန်မယ့်ရက်ကို မေးမြန်းခဲ့ပြီး ပြန်မယ်ဆိုရင် အကူအညီတွေ ပေးမယ်ဆိုတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ စခန်း တာဝန်ခံ ဦးလဆန်က ပြောပါတယ်။

ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး


မြေစာပုံပြိုကျမှုကြောင့် ရေကန်ရေလျှံပြီး ကလေးငယ်သုံးဦး ရေနစ်မြုပ်ပျောက်ဆုံးသွားရာ ဒေသခံများ ၀ိုင်းဝန်းရှာဖွေနေစဉ် (ဓာတ်ပုံ−ကိုရွှေသိန်း)


ဧပြီ(၂၇)၊ ၂၀၁၄
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက စုပုံထားသည့် ပေ ၃၀၀ ခန့် အမြင့်ရှိ မြေစာပုံပြိုကျမှုကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့် မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း  ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ 

မြန်မာ့ တရားစီရင်ရေး AHRC ဝေဖန်

မြန်မာတရားရုံးချုပ်ရှိရာ အဆောက်အအုံ
မြန်မာတရားရုံးချုပ်ရှိရာ အဆောက်အအုံ

ဧပြီ(၂၇)၊ ၂၀၁၄ မဆုမွန်
ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်သားတွေ ပါဝင်ကျူးလွန်နေတဲ့ ပြစ်မှုတချို့အတွက် အခုအချိန်အထိ ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်းမရှိသေးဘူးလို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဝေဖန်လိုက်ပြီး တရားစီရင်ရေးနဲ့ပတ်သက်လို့ အများပြည်သူ သိအောင် ထင်သာမြင်သာဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

မွေးဖွားစာရင်း မရှိသေးသူများကို ဧပြီလ (၅) ရက်နေ့ စတင် ထုတ်ပေးမည်

ဧပြီ(၂၇)၊ ၂၀၁၄
            မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကောက်ခံခဲ့သည့်   ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအပြီး မေလ (၅) ရက်နေ့မှစတင်ကာ မန္တလေးတိုင်း ဒေသကြီး အတွင်း မွေးစာရင်း မပြုလုပ်ရ သေးသူများကို ယူနီဆက်နှင့် ပူးပေါင်းကာ ပထမဆုံး အကြိမ် ပြုလုပ်ပေးသွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။