လျှပ်စစ်မိတာသုံးစွဲခအပြင် ပျောက်ဆုံးယူနစ်ပါပေးဆောင်နေရသည့် သပြုကျေးရွာ


ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ သပြုကျေးရွာ၊ အိမ်နံပါတ် - 3/265နေ
3/5 -K.V.A မှ မီတာအမှတ် - Y-B 50568\ဖြင့် လျှပ်စစ်မီးသုံးစွဲသူ ကျွန်တော် ဦးစိုးနိုင်
မှတ်ပုံတင်အမှတ် - KWA-125630 ကိုင်ဆောင်သူသည် 1993 ခုနှစ်-
လျှပ်စစ်သုံးစွဲသည့်နေ့မှစပြီး ယခုအချိန်ထိ
လစဉ်မှန်မှန် နိုင်ငံတော်လျှပ်စစ်ဝန်ကြီးဌာနမှ သတ်မှတ်ထားသော
(၁)ယူနစ်လျှင် (၃၅)ကျပ်နှုန်း၊ ထိန်းသိမ်းစောင့်ရှောက်ခ
(၁၀၀၀)ကျပ်နှုန်းအား လစဉ် (၂၁)ရက်နောက်ဆုံး
ထားပြီး ဒါးပိန်လျှပ်စစ်ရုံးသို့ ပေးဆောင်ခဲ့ပြီးဖြစ်ပါသည်။

“လူလိမ်လင်မယား၂ဦးအားတွေ့ရှိပါက အကြောင်းကြားပေးကြပါရန်”


       အောင်ဝင်းမြင့် အသက် ၄၁ နှစ် ယာယီပတ်ပို့ အမှတ် TD 062847  နှင့်  အေးသက်မွန် အသက် ၃၃ နှစ်  ယာယီပတ်စပို့အမှတ် TD 062535  ဇနီး   မောင်နှံ၂ဦးတို့သည် ဘန်ကောက်မြို့ ဖက်ကဆင်  ၉၅ လမ်းတွင် နေထိုင်ကြသည့်ချည်ထည်နှင့်    ဆေးဆိုးပန်းရိုက် စက်ရုံအလုပ်သမား၁၄ဦးတို့ထံမှ စုစုပေါင်း ဘတ်ငွေ တစ်သိန်းခြောက်ထောင် လိမ် လည်သွားခဲ့ပြီးနောက်ဘန်ကောက်မြို့နှင့်အနီးပတ်ဝန်းကျင်တို့တွင်  ရှောင်တိမ်းနေထိုင်နေကြောင်းသိရှိရသည်။

Friday, September 27, 2013

လူသက်တရားခံအား ယနေ့အချိန်ထိ မုပွန်ရဲစခန်းမှ မဖော်ထုတ်နိုင်သေးသည့်ဖြစ်ရပ်




လွန်ခဲ့သော ၁၉၊ ၅၊ ၂၀၁၃ ရက်နေ့ နံနက်(၆)နာရီကျော်အချိန်ခန့်တွင် မော်လမြိုင်မြို့၊ သိရိမင်္ဂလာရပ်ကွက်၊ (၁၇)လမ်း၊ အမှတ်(၈၂၆) နေ
အဖဦးစိုးသိန်း၏ သားဖြစ်သူ ကျော်နိုင်(ခ)ဂျိုကာ၊ အသက်(၃၃)နှစ်မှာ ရုပ်ပျက်ဆင်းပျက်ရက်ရက်စက်စက် သက်ဖြတ်ခံထားရသည့် ဒဏ်ရားများဖြင့်
မီးရထားလမ်းပေါ်တွင် မရှုမလှသေဆုံးခဲ့ရသော်လည်း ယနေ့အချိန်ထိ မုပွန်ရဲစခန်းမှ လူသက်တရားခံကို မဖော်ထုတ်နိုင်သေးကြောင်း မိသားစုဝင်တစ်ဥိး
၏ ပြောပြချက်အရ သိရသည်။

Sunday, September 22, 2013

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကော်မတီသို့ ပေးပို့သည့် ဆွေးနွေးချက်စာတမ်း

 
 
September 21, 2013 at 11:54pm
 
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကော်မတီသို့ ပေးပို့သည့် ဆွေးနွေးချက်စာတမ်း မင်္ဂလာပါခင်ဗျာ ... လေးစားအပ်တဲ့(အပစ်အခတ်ရပ်) ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ ခင်ဗျား။ နိုင်ငံရေးအရ ထူးခြားပြီး ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည် ကြိုးပမ်းကြမည့်ဆွေးနွေးပွဲမှာ ယခုလိုတွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းသာပီတိဖြစ်ရ ကြောင်း ဦးစွာတင်ပြ ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ကော်မတီ (ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်)ရဲ့ ဆွေးနွေးပွဲဖိတ်ကြား ချက်အရ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ က လေးစားစွာ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ တစ်မျိုးသားလုံး၊ နိုင်ငံသားအားလုံးအကျိုးစီးပွားကို ရှေ့ရှုပြီးပါတီစွဲ၊ လူမျိုးစွဲ ကင်းစွာ