Thursday, November 22, 2012

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ကျေးရွာ၌ အသက် (၁၅)နှစ်အရွယ်အား ရဲတပ်သား ချစ်မွေး(အိမ်ထောင်ရှင်)က သား မယားအဖြစ် (၁၀)ရက်ခန့်ပြုကျင့်ခဲ့ ..

မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့

November 22, 2012Home, သတင်း 

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ကျေးရွာ၌ အသက် (၁၅)နှစ်အရွယ်အား ရဲတပ်သား   ချစ်မွေး(အိမ်ထောင်ရှင်)က သား မယားအဖြစ် (၁၀)ရက်ခန့်ပြုကျင့်  ခဲ့သည်ဆိုကာ ရဲစခန်းသို့တိုင်ကြား    ထားကြောင်း ကာယကံရှင်များနှင့် တာဝန်ရှိသူ အချို့ထံက သိရှိရ သည်။
အဆိုပါ သားမယားအဖြစ် ပြုကျင့်ခံရသည်ဆိုသူ ဧရာဝတီ   တိုင်း၊မော်ကျွန်းမြို့နယ်ကျေးရွာတွင်  နေထိုင်သူဖြစ်သည်။(၂၃.၁၀. ၂၀၁၂) နံနက်(၈)နာရီတွင် လှိုင် သာယာမြို့နယ်ကျေးရွာတွင် နေ ထိုင်သော အစ်ကို၊မောင်—– အိမ်သို့ အလည်ရောက်ရှိနေရာမှ      (၂၇.၁၀.၂၀၁၂)ညနေ(၄)နာရီ ခန့်တွင် အစ်ကိုနှင့်စိတ်ဆိုး၍ ထွက်သွားရာ အောင်ဇေယျကြိုး တံတားဘက်သို့ ညနေ(၅)ခန့်တွင် မျက်စိလည်ကာ ရောက်ရှိခဲ့  ကြောင်း၊ ထိုအချိန် တံတားရဲတစ် ဦးဖြစ်သော တပ်သားချစ်မွေး သည် ဂိတ်ထဲမှ ထွက်လာပြီး   မ——ကို  ဘယ်သွားမလဲဟု    မေးကြောင်း ပထမတစ်ခါ မေးစဉ်  တွင် မဖြေဘဲ တံတားပေါ်သို့ လျှောက်သွားကြောင်း၊ထိုအချိန် တွင် တပ်သားချစ်မွေးသည် ရဲ ၀တ်စုံဖြင့် ဆိုင်ကယ်စီး၍ နောက် တစ်ကြိမ်လိုက်မေးသောအခါ အစ်ကိုနှင့်စိတ်ဆိုး၍ထွက်လာ ကြောင်း ကြောက်ရွံ့ကာဖြေခဲ့ ကြောင်း တပ်သားချစ်မွေးသည် ကလေး၏ လက်အားဆွဲ၍ ဆိုင် ကယ်နှင့်ခေါ်သွားပြီး ဂျူတီပြီး သည်အထိ ဂိတ်အနောက်တွင် တစ်နာရီခန့်ကြာ ထိုင်ခိုင်းထား ကြောင်း ထို့နောက်ပြန်ပို့မည်ဟု   ဆိုကာ ဆိုင်ကယ်နှင့်တင်၍ တည်း ခိုခန်းသို့ခေါ်ကာ (၁၀)ရက်ခန့်    သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း    ကာယကံရှင် မ——-က ဆို တယ် ““သမီးကို အဲဒီလူကြီးက လက်ကို အတင်းဆွဲပြီး တည်ခို ခန်းကိုခေါ်သွားတယ် ဟိုရောက် လဲရောက်ရော သမီးကပြန်မယ်ဟု  ပြောလိုက်တော့ မပြန်ရဘူးဟု   ဆိုကာ သမီးရဲ့ခန္ဓာကိုယ်ကိုအတင်း အကျပ်ကိုင်ထားလို့ သမီးကအော် မယ်လုပ်တော့ အော်လေး နင်အော် လည်း ဘယ်သူမှမကြားဘူး အော် ဟုဆိုပြီး အတင်းဘဲ သားမယား ပြုတယ်။ နေ့ခင်းကျရင် စည်ပင်   အဒေါ်ကြီးရဲ့အိမ်ကိုသူက ခေါ် သွားတယ်။ သမီးကလည်း အိမ် ကိုဘယ်ပြန်ရမှန်းမသိ။ အိမ်လဲ မမှတ်မိဘူး။ပြန်ပို့ပေးဖို့ပြောတယ်။   ဒီအကြောင်းတွေကို တစ်ယောက်  ကိုပြောရင် နင့်ကိုငါတစ်ခုခုလုပ် မယ်ဆိုပြီးပြောတယ်””ဟုဆိုတော့     ငိုနေသည်။ထို့နောက် ကျေးရွာ    အုပ်ချုပ်ရေးမှူးအား ယင်းအဖြစ် အပျက်အား မေးမြန်းရာ ““(၂၇. ၁၀.၂၀၁၂)ည(၁၀)နာရီမှာ အုပ် ချုပ်ရေးမှူးရုံးကိုလာတိုင်တယ်။ ကလေးမလေးရဲ့အစ်ကိုနဲ့အိမ်ရှင် ဒီလိုဒီအကြောင်းပဲ ကလေးပျောက် သွားလို့ဆိုပြီးပြောပြတယ်။ ကျွန်တော်ကလဲ ချက်ချင်းပါပဲ။ ကိုယ်ထက်ကြီးတဲ့လူကြီးထံ အ ကြောင်းကြားတယ်။ ဒီလိုနဲ့အဆက် ပြတ်သွားတယ်။ နိုဝင်ဘာ(၆)ရက်  နေ့ ည(၁၀)နာရီလောက်ကျတော့   ကလေးကိုတွေ့တယ်လို့ပြော တယ်။ ရဲတပ်သားချစ်မွေးဆိုသူ က သူနဲ့အိပ်ပြီး ပြည့်တန်ဆာအိမ် ကို ပို့လိုက်တယ်လို့ပြောတယ်။ (၇)ရက်နေ့အရောက် ကလေး မလေးရဲ့အစ်ကိုရယ်၊အစ်မရယ်၊    ရဲစခန်းမှာ အမှုဖွင့်ပေးဖို့သွားပြော တယ်လို့သိရတယ်။ဒါပေမဲ့ ရဲစခန်း က အမှု့မဖွင့်ပေးဘဲ ညှိနှိုင်းတယ် လို့ကြားတယ်””ဟု ဆိုပါသည်။ ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ကြည့်ရာ ရဲတပ်သားမောင်ချစ်မွေး   အား အချုပ်ထဲသို့ ထည့်ထား ကြောင်း ပြန်လည်ဖြေကြားသည်။    ယင်းကိစ္စအား ဆက်လက်မေး မြန်းရာ ““(၇)ရက်က ဗျာ။ကလေး ရဲ့ အစ်ကိုနဲ့အစ်မ အိမ်ရှင်တွေ   အမှုဖွင့်တယ်။မနက်ကတည်းက  ဖွင့်ခိုင်းတာ မဖွင့်ပေးဘူး။ကိုချစ်မွေး    ရဲ့အမေနဲ့သူ့သားက ပိုက်ဆံနဲ့ ညှိ ဖို့ပြောတယ်။စခန်းမှူးကလည်း  အမှု့မဖွင့်ဘဲ ငွေနဲ့ပြေလည်အောင်   ညှိဖို့ဘဲပြောတယ်။ထမင်းငတ်ပြီး    တစ်နေသာကုန်သွားတာ အမှု့ မဖွင့်ပေးဘူး။ ညနေကျတော့ လာဆိုပြီး တရားရုံးသွားမယ်လို့  ဆိုပြီး ခေါ်တယ်။တရားရုံးလဲ ရောက်ရော တရားရုံးကပိတ်သွား ပြီ။ဒါနဲ့ပြန်လာပြီး အုပ်ချုပ်ရေး  မှူးအားပြောပြတယ်။ နောက်နေ့ ကျတော့ အမှု့ကို ပုဒ်မ(၃၆၆)နဲ့   ဖွင့်ပါဆိုပြီး စခန်းမှူးကပြောတယ်။  ဒါနဲ့ကျွန်တော်က စခန်းမှူး ဒီကိစ္စ   က အမှု့ကို ပြန်ကြည့်ဦး (၃၇၆)  ဖြစ်နေတယ်။ဆိုမှသာ (၃၇၆)သို့   ပြင်ပေးခဲ့တယ်””ဟု ကလေးသူ ငယ်များ ကာကွယ်စောင့်ရှောက် ရေးအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုကျော်မိုးလွင်က Hot News သို့ မ——သည် ယခုအခါ ကျန်းမာရေးမကောင်းကြောင်း၊ ကိုယ်လက်များကိုက်ခဲ၍ ဖျားနေ   သည်ဟု သိရသည်။ ကလေး၏  နောက်ဆုံးအခြေအနေသည် ဆေးရုံတွင် ဆေးစစ်၍ဆေးစာ စောင့်နေရကြောင်း အစ်ကိုဖြစ်သူ  က ပြောသည်။
 

စိုးဝင်းနိုင်

အေးချမ်းမွန်မှ The Hot News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News
မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့

November 22, 2012

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ကျေးရွာ၌ အသက် (၁၅)နှစ်အရွယ်အား ရဲတပ်သား ချစ်မွေး(အိမ်ထောင်ရ
ှင်)က သား မယားအဖြစ် (၁၀)ရက်ခန့်ပြုကျင့် ခဲ့သည်ဆိုကာ ရဲစခန်းသို့တိုင်ကြား ထားကြောင်း ကာယကံရှင်များနှင့် တာဝန်ရှိသူ အချို့ထံက သိရှိရ သည်။
အဆိုပါ သားမယားအဖြစ် ပြုကျင့်ခံရသည်ဆိုသူ ဧရာဝတီ တိုင်း၊မော်ကျွန်းမြို့နယ်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။(၂၃.၁၀. ၂၀၁၂) နံနက်(၈)နာရီတွင် လှိုင် သာယာမြို့နယ်ကျေးရွာတွင် နေ ထိုင်သော အစ်ကို၊မောင်—– အိမ်သို့ အလည်ရောက်ရှိနေရာမှ (၂၇.၁၀.၂၀၁၂)ညနေ(၄)နာရီ ခန့်တွင် အစ်ကိုနှင့်စိတ်ဆိုး၍ ထွက်သွားရာ အောင်ဇေယျကြိုး တံတားဘက်သို့ ညနေ(၅)ခန့်တွင် မျက်စိလည်ကာ ရောက်ရှိခဲ့ ကြောင်း၊ ထိုအချိန် တံတားရဲတစ် ဦးဖြစ်သော တပ်သားချစ်မွေး သည် ဂိတ်ထဲမှ ထွက်လာပြီး မ——ကို ဘယ်သွားမလဲဟု မေးကြောင်း ပထမတစ်ခါ မေးစဉ် တွင် မဖြေဘဲ တံတားပေါ်သို့ လျှောက်သွားကြောင်း၊ထိုအချိန် တွင် တပ်သားချစ်မွေးသည် ရဲ ၀တ်စုံဖြင့် ဆိုင်ကယ်စီး၍ နောက် တစ်ကြိမ်လိုက်မေးသောအခါ

အသရေဖျက်မှုဖြင့် PDP ပါတီ ခေါင်းဆောင်များ အဖမ်းခံထားရ

မန္တလေးမြို့အခြေစိုက် ပြည်သူ့
ဒီမိုကရေစီ ပါတီ (People
Democracy Party – PDP)
 ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး
 မမှန်မကန်စွပ်စွဲမှု၊ အသရေဖျက်
မှုတို့ဖြင့် ကချင်ပြည်နယ်အစိုးရက

 တရားစွဲဆိုထားသဖြင့် သက်ဆိုင်ရာဒေသများ၌ တရား ရင်ဆိုင်နေရပြီး အာမခံမရဘဲ ဖမ်းဆီးခံထားရကြောင်း PDP ပါတီက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ပြောကြားသည့် အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်

အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ်။ 
 
ဦးသန်းလွင်ထွန်း
၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့က ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သည့် သမ္မတအိုဘားမား၏ မိန့်ခွန်း ကောက်နုတ်ချက်များ (အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော် ဒီကိုလာခဲ့တာလို့ပဲပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အပေါ် ဘင်္ဂလာဒေခ်ျ့ အစိုးရ တုန့်ပြန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အပေါ် ဘင်္ဂလာဒေခ်ျ့ အစိုးရ တုန့်ပြန်


အိန္ဒိယ ခရီးစဉ် အတွင်းမှာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ပြောင်းရွှေ့ ၀င်ရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ ကောက်ချ ပြောကြားလိုက်မူကို ဘင်္ဂလာဒေခ်ျ့ အစိုးရက ကောက်ကာငင်ကာ တုန့်ပြန် လိုက်ပါတယ်။

အခုလို ဘင်္ဂလာဒေခ်ျ့ အစိုးရဘက်က တုန့်ပြန် ပြောဆိုမူကို ဘင်္ဂလာဒေခ်ျ့နိုင်ငံက အင်္ဂလိပ်လိုရော၊ ဘင်္ဂလီလိုပါ ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဒီကနေ့မှာ ဖေါ်ပြကြပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကျေညာချက်ထုတ်ပြီး တုန့်ပြန် ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလို မှတ်ချက်ချ ပြောကြားမူဟာ မြန်မာ အစိုးရရဲ့ ဒီပြဿနာ အပေါ်မှာ ရပ်တည်ချက်နဲ့ ကွဲလွဲနေပြီး ကျိုးကြောင်း မညီမညွှတ် ဖြစ်နေတယ်ဆိုပြီး ထုတ်ဖေါ် ပြောဆိုပါတယ်။

သတင်းစာတွေမှာ ရေးသား ဖေါ်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယကို လာရောက် လည်ပတ်စဉ် အတွင်း နိုဝင်္ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ မငြိမ်သက်မူတွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ခုဖြစ်ရပ်ဟာ နိုင်ငံတကာ အနေနဲ့ အလွန် ၀မ်းနည်းစရာ ဖြစ်ရပ် တစ်ခု ဖြစ်ပေမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက လူတွေ တရားမ၀င် ၀င်ရောက်နေမူကို ရပ်တန့်ဖို့ လိုတယ်လို့ ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

မဟုတ်ရင် ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ပြောဆိုတယ်လို့ ဆိုပါတယ်။

အဲသလို ပြောကြားချက် အပေါ် ဘင်္ဂလာဒေခ်ျ့နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကျေညာချက် ထုတ်ပြီး တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ၁၉၉၁-၉၂ နှစ်ခုနှစ်မှာ မွတ်ဆလင် ဒုက္ခသည် ၂၅၀၈၇၇ ကို ၀င်ရောက်လာတာမှာ ၂၃၆၅၉၉ ကို စိစစ်ပြီး  ပြန်လည် လက်ခံခဲ့တဲ့ အတွက် သူတို့တွေဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်လာသူတွေ ဖြစ်တယ်။ သူတို့ဟာ ဘင်္ဂလာဒေခ်ျ့က မဟုတ်ဘူး ဆိုတာ ထင်ရှား နေပါတယ်လို့လည်း ကျေညာချက်မှာ ဖေါ်ပြပါတယ်။

အခုအချိန်ထိ ဒုက္ခသည် စခန်းနှစ်ခုမှာ ယူအန် အသိအမှတ်ပြု မွတ်ဆလင် ( သူတို့ အခေါ် ရိုဟင်ဂျာ) ဒုက္ခသည် ၂၈၀၀၀ ခန့်ရှိပြီး ပြင်ပမှာ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ နေထိုင်သူ အများအပြား ကိုလည်း စိစစ်ပြီး မြန်မာဘက်က လက်ခံယူဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။

မြန်မာ အစိုးရရဲ့ လက်ရှိ နိုင်ငံသား ဖြစ်မူ ဥပဒေ အပေါ် ပြန်လည် သုံးသပ်နေမူ အပေါ်မှာလည်း ကြိုဆို တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် သက်ဆိုင်သူတွေ အနေနဲ့ သေချာတဲ့ အချက်အလက်တွေမရှိဘဲ ထုတ်ဖေါ်ပြောဆို မူတွေကို ရှောင်ကြဉ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားအများစုကတော့ သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ၀င်ရောက်လာကြသူတွေလို့  ယုံကြည်ထားကြပြီး အစိုးရက လည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ မွတ်ဆလင် အများစုဟာ  ဘင်္ဂလီတွေ ဖြစ်ကြတယ်လို့ တရားဝင် ကျေညာထားပါတယ်။


အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara

အိန္ဒိယ ခရီးစဉ် အတွင်းမှာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ပြောင်းရွှေ့ ၀င်ရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ ကောက်ချ ပြောကြားလိုက်မူကို ဘင်္ဂလာဒေခ်ျ့ အစိုးရက ကောက်ကာငင်ကာ တုန့်ပြန် လိုက်ပါတယ်။

အခုလို ဘင်္ဂလာဒေခ်ျ့ အစိုးရဘက်က တုန့်ပြန် ပြောဆိုမူကို ဘင်္ဂလာဒေခ်ျ့နိုင်ငံက အင်္ဂလိပ်လိုရော၊ ဘင်္ဂလီလိုပါ ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဒီကနေ့မှာ ဖေါ်ပြကြပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကျေညာချက်ထုတ်ပြီး တုန့်ပြန် ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလို မှတ်ချက်ချ ပြောကြားမူဟာ မြန်မာ အစိုးရရဲ့ ဒီပြဿနာ အပေါ်မှာ ရပ်တည်ချက်နဲ့ ကွဲလွဲနေပြီး ကျိုးကြောင်း မညီမညွှတ် ဖြစ်နေတယ်ဆိုပြီး ထုတ်ဖေါ် ပြောဆိုပါတယ်။

သမ္မတ အိုဘားမား အဖိုးတန်စကား

အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။
ကျနော်တို့ကိုယ်တိုင်ဟာ သမ္မတ နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက်လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။

နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာ ဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။

ရခိုင်အရေးကြောင့် နိုင်ငံ မျက်နှာပျက်ဟု ဦးသိန်းစိန် ပြော

ရခိုင်ပြည်နယ် ပေါက်တောမြို့ ရပ်ကွက် ၃ နှင့် ဘ၀မ်းချောင်းဝရပ်ကွက်တို့၏ မီးလောင်ပြင် မြင်ကွင်းများကို အောက်တိုဘာ ၂၇ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည် မျက်နှာပျက်ရတယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိုးအိမ်မဲ့ မွတ်စလင် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အပါအဝင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို ထည့်သွင်းသုံးသပ်နေတယ်လို့လည်း ကုလသမဂ္ဂကို ပေးတဲ့စာမှာ ရေးသားဖော်ပြခဲ့ကြောင်း သိရပါတယ်။